Sunday, July 29, 2012

စက္ကူခေါက်နည်းလေးများ


1Gb memory card ကို 2Gb သို့ပြောင်းရန်


အပေါင်းအသင်းရောင်းရင်းများတွက် ဒီတစ်ခုလေးကလည်း အသုံးတည့်မှာပါ .....အရင်ဆုံးအနေနဲ့ ပြောချင်တာကတော့ပြောင်းမယ်ဆိုရင် ကိုယ်ကတ်ထဲမှာရှိတဲ့ ဖိုင်တွေကို အပြင်ထုတ်ထားပါ ...

ချစ်သူသို့ (5)

သုံးဆယ်ကျော်တာတောင် မလိမ္မာ ဘူး
ဒီအရွယ်ကြီးရောက်မှ စာမေးပွဲ’ကျ’တယ်
ညီမလေးရယ်.. ငါ့ကိုရိုက်ပါ..
နီကိုရဲ ထွန်းဝေမြင့် …စသဖြင့်ပြန်သွားကြပြီ
ဘယ်ဆီကိုသွားဖို့ ငါကကျန်ခဲ့တာလဲ…..
ကိုယ့်ကို ကိုယ်တစ်ခန်းလုံး မီးဖွင့်ပြီး
ကပိုကရို ဖွင့် လိုက်တယ်…
ညီမလေးရယ်.. စိတ်ထဲမှာ စာမေးပွဲကျတယ်..
တကယ်တော့လည်း
လောကဓံ ဆိုတာ ကိုယ်ခံစားမှ ဖြစ်တဲ့အရာပါ…
လမ်းထိပ်ကခွေးကြီးထက် နည်းနည်းပဲ ပိုပါတယ်။
ဟော…
ကိုရင်တစ်ပါးက တုန်းမောင်ခေါက်သံလက်ဆောင်ပါးတယ်
မကြာခင်(၆)နာရီ နေဝန်းဆိုက်ရောက်တော့မှာပါတဲ့ ။
ညီမလေးရေ…..
မြင်းရထားတွေကို လက်ပြမတားတော့ဘူး
ကိုယ်ဖိနပ်လေးနဲ့ပဲ ကိုသွားကြမယ်။
အဝေးကြီးကို ရွေးလျားချင်မှတော့
လမ်းတို့ရဲ့ အလျားကိုလည်း..ရင်ဆိုင်ရဲရမှာပေါ့။ ။


တာရာမင်းဝေ 

ကြယ်ကြွေအလင်္ကာ

ထိုသောညမှာ နှင်းပြာအုပ်မိုး
အိမ်မက်ခိုးမျှင် သခင်ဖြစ်၏

ကြယ်ခက်ညတွေ ပန်ရင်းကြွေသက်
မျက်ရည်ဝိုးဝင်း အိမ်မက်လင်းပြာ
ငါ နမ်းမွှေးရှိုက် ရင်ကိုခိုက်၏

ငါ.. ချစ်မိသည်

ငါ ချစ်မိသည်

ယုံကြည်ကြေကွဲ ခိုတွဲကိုင်းညွတ်
ပွင့်ဦးဆွတ်ပျံ့ စံပယ်နံ့အေး
အဝေးစကား နှုတ်ဖျားထုံကျဉ်
သခင် .. သိပါ။

ထိုသို့ဖြင့်
ငါနှင့် ကြယ်တို့ ညမြို့ရိုးထက်
သွေးပျက်သီချင်း ဆိုညှင်းဖွဲ့ဝေ
ကြွေခဲ့ကြသည်။

သြော် ထိုသို့ဖြင့်
ငါနှင့်သခင် ရာဇဝင်ပန်း
လွမ်းမှိုင်းဝေရီ ရွှေလက်ဖဝါး
ပါးပြင်ထိအပ် ခုံမင်တတ်လည်း
ရေးမှတ်မိရုံ ဝတ်မှုန်မြေဆွေး
ဝေးသွားခဲ့လျှင်….
ဝေးသွားခဲ့လျှင်….

တာရာမင်းဝေ 

စိတ်အားငယ်ခြင်းနဲ့ ချစ်ခြင်းမေတ္တာတို့ရဲ့ အင်ဂျင်များ

မိုးကောင်းကင်ဟာ စိမ်းနေတယ်။ စိမ်းနေခြင်းရဲ့အဓိပ္ပါယ်ကို ကျွန်တော်တို့သိဖို့ ဘာစာအုပ်မှလည်း
မရှိဘူး။ မိုးရွာနေတာ ဘယ်တုန်းကမှ မတိတ်ခဲ့ဘူး။ ယောက်ျားသုံးယောက်ရှိတာ၊ လေးယောက်
စကားပြောနေကြတယ်။ မိန်းမ တယောက်ဟာ လျှာအောက်မှာ တီကောင်တွေရဲ့ ဓါတ်ပုံတစ်ပုံ
သယ်ဆောင်ထားတယ်။ ကျွန်တော့်အလှည့်မရောက်သေးပဲ ကျွန်တော်ဝင်ပြောမိပြန်ပြီ။ အချိုး
အစားတွေဟာ ကိုးလိုးကန့်လန့်၊ အသေးစိတ် အချက်အလက်တွေ ကြမ်းတမ်း။ မိုးကောင်းကင်ဟာ
စိမ်းနေတယ်။ ကျွန်တော်တို့ သားသမီးတွေရဲ့ အမည်နာမတွေ သိရဖို့ ဘာစာအုပ်မှလဲ မရှိဘူး။
အရုပ်တစ်ရုပ်ကို ပွေ့ပိုက်ထားတဲ့ ယောက်ျားအလောင်းတစ်လောင်း ကို ခင်ဗျား သတိပြုမိလား။
သူမ အဲသလောက် အော်ရတာ ဘာကြောင့်ဆိုတာ ခင်ဗျား စဉ်းစားကြည့်ဖူးလား။ ပြီးတော့ ဘာ
ဖြစ်လို့၊ ဥပမာပေါ့နော်၊ ရုပ်တုတွေရဲ့ ဦးခေါင်းတွေကို ဖယ်ရှားပြီး ဆေးရုံအောက်က မြေတိုက်ခန်းထဲ
သိမ်းလိုက်သလဲ။ မိုးကောင်းကင်ဟာ စိမ်းနေတယ်။ ကျွန်တော်တို့ကိုလမ်းကြောင်းပြဖို့ ဘာစာအုပ်မှ
မရှိဘူး။ တစ်ပတ်တစ်ကြိမ် ပုံမှန်ပါပဲ။ သူ့ကားသူ ဘယ်မှာ ပါကင်ထိုးခဲ့မှန်း မသိတော့လို့
သူ့တိုက်ခန်းဆီသူ ပြန်ပြန်သွားရတယ်။ မီးဖိုချောင်စားပွဲပေါ်မှာ လိုက်နာရမယ့် လမ်းညွှန်ချက်တစ်စုံ
တင်ထားတယ်။ သူ့ရဲ့ အသက်ရှူကိရိယာဟာ မဖွံ့ဖြိုးတဲ့အတွက် ပလာဇာပေါ်ဝဲနေတဲ့ အင်္ဂတေနု
မိုးတိမ်နံရံဘေးမှာပဲ ကပ်မောင်းနှင်ဖို့ ချုပ်ချယ်ကန့်သတ်ခံထားရတယ်။ မိုးကောင်းကင် ဟာ
အစိမ်းရောင်စွက် မီးခိုး။ တစ်ယောက်ယောက်က ခင်ဗျားဆီ အခိုင်အမာလာပြောတယ်။ သူဟာ
ခင်ဗျားရဲ့ သူငယ်ချင်းပါတဲ့။


ဂျော်န် ယောဝ်
John Yau ‘ Engines of Gloom and Affection ’
Translated by Zayyar Linn

ငါ့ကို ဘယ်သူမှ ကိုယ်စားမပြုဘူး

ဘယ်မှရွေ့မသွားတဲ့ ခုံတန်းလျားမှာ မင်းနဲ့ငါ အတူထိုင်၊ နံရံတွေငေး
ပွဲခ တတ်နိုင်ရင် မလေးလား၊ ကိုးရီးယားလား၊ ဒူဘိုင်းလား၊ ဆော်ဒီလား
လုပ်စရာရှိတာ လုပ်ရမှာပဲ သွေးလည်ပတ်မှုဟာ ဖျော်ဖြေရေးမှ မဟုတ်တာ
ရေနွေးကြမ်းနဲ့ ရေခဲ့မုန့် ခြင်ဆေးခွေထဲမှာ မျက်လုံးတစ်လုံး မဲပေါက်သလို
ကိုယ့်ရေတွင်းလေး ကိုယ်တူးပြီး ကိုယ့်ထုံးရေ ကိုယ်ကြည့်ကြက်သောက်
အထုံပါလာတော့ အကွက်ချထားတဲ့မြို့သစ်မှာ အကွက်ကျကျဘဝနဲ့
မနက်ဆို နေထွက်သွားတယ် ညနေဆို နေဝင်လာတယ် သဘာဝဟာ
ပလပ်စတစ်စံတော်ချိန်နဲ့ ဘာသင်တန်းတက်ထားလဲ ဘာလက်မှတ်ရှိလဲ
လမ်းဘေး အမဲအူပြုတ်တစ်ခွက်နဲ့ တရုတ်လုပ် ‘မိတ်အင်ဂျပန်’ နာရီနဲ့
အာဖဂန်မှာ စစ်ဖြစ်နေတယ် အာဖဂန်မှာ ရွေးကောက်ပွဲကျင်းပ နေတယ်
ဆိုသူကဆိုတယ် တီးသူက တီးတယ် ကသူက က တယ် ငါ ပန်းရံသမားပါ
ငါ ဘာလုပ်ရမလဲ ငါ့ ခံစားချက် ငါထည့်ရေးရင် မဖွယ်မရာများ ဖြစ်မလား
မိသားစု ရေနံတွင်းကလေးဟာ နက်သထက် နက်လာတယ် အေးဆေးပါ
မြို့သစ်သား အချင်းချင်းပဲ သားကြီးရာ အသွားအပြန်ကားခလေးသာရှိရင်
မြို့ကြီးကို အချိန်ပိုင်း တက်သိမ်းလို့ရတယ် မင်းလည်း ငယ်မှ မငယ်တော့တာ
ငါတို့ဟာ ကဗျာတွေပဲဖြစ်ရမယ် အသုံးချတန်ဘိုးမှ မရှိကြတာ
နှလုံးသွေးကြောတစ်ချောင်းပိတ်ပြီး လျှပ်စစ်ဓါတ်လည်း မထုတ်လုပ်နိုင်
ကိုယ်ကျင့်တရားရဲ့ ဂေဟ စံနစ်လည်း ပူနွေးလာပြီ သူငယ်ချင်း
ဆောက်လုပ်ရေးလား၊ အလောင်းဆေးလား၊ စင်္ကာပူလား၊ ဂျပန်လား
ကိုကာကိုလာအေးအေး တစ်ခွက် ငါဘယ်လို သောက်ရက်နိုင်ပါ့မလဲ
လေ့လာရမယ် ပညာရှာရမယ် ဗဟုသုတကြွယ်ရမယ်….ရမယ်….ရမယ်
ဟော၊ ဗျူးခန်းထဲက တစ်ယောက်ထွက်လာပြီ လက်ခါပြသွားတယ်
ငါကော လက်ဘက်ရည်ဖိုးတတ်နိုင်ပါ့မလား သူ့အိတ်ကပ်က ပိုဖောင်းသလား
ရိုကျိုးလွန်းတဲ့ လက်ချောင်းတွေကို ငါကြည့်တယ် အခြားမှ သူတို့ မတတ်နိုင်တာ
စင်း ဒေါ်လာလား၊ ရင်းဂစ်လား၊ ဘတ်လား၊ ယန်းလား၊ ကျပ်လား၊ ပြားလား
အများသုံးအိမ်သာမှာ သုံးပြီးသားလက်ကျန် တစ်ထောင်းထောင်းနဲ့
ဘဝဟာ အရသာရှိလိုက်တာလို့ ငါ့ နာမည်ခေါ်ဖို့ စောင့်နေတယ်
မင်းနဲ့ ငါဟာ ရထားပေါ်မှာ မျက်နှာချင်းဆိုင်
ပြင်ပ ရှုခင်းတွေကို အလှည့်ကျ ပြောင်းပေးရတယ်
လမ်းပေါ်ထွက်ဖို့ ငါ့တန်ဖိုးကို နှူးကြည့်တယ်
ဘယ်ရောက်ခဲ့လဲလို့ မိန်းမကမေးရင် ဘယ်မှ မရောက်ခဲ့ဘူးဆို ယုံမလား
ကမ္ဘာကြီးဟာ ပြားသွားပြီ ငါတို့တွေသာ ချိန်ကိုက်ပြီးသား အလုံးတွေ။ .

ဇေယျာလင်း
၁၁၊ စက်တင်ဘာ၊ ၀၉
(ကဗျာဆိုတာပြုလုပ်ခြင်း ကဗျာစာအုပ်မှ) 

ဖြစ်စဉ်-တာရာမင်းဝေ

တစ်ခါတလေမှာတော့လည်း တွေးကြည့်မိပါတယ်
နက်ဖြန်ခါ သေသွားရင် ဘာဖြစ်မလဲလို့။
လုပ်ချင်တာတွေ လုပ်ခဲ့ပြီးပြီ
(မလုပ်ရသေးတာတွေလည်း အများကြီး)
ဖြစ်ချင်တာတွေ ဖြစ်ခဲ့ပြီးပြီ
(မဖြစ်ရသေးတာတွေလည်း အများကြီး)
နက်ဖြန်ခါမှာလို့ စဉ်းစားလိုက်ပြန်တော့
နက်ဖြန်ခါတွေကလည်း အများကြီး
ဒီလိုနဲ့ပဲ
ဘ၀မှာ နေပျော်ရတာပါပဲ ကလေးရယ်။


တာရာမင်းဝေ 

Saturday, July 28, 2012


ဧည့်သည်-တာရာမင်းဝေ

သတို့သားနဲ့ သတို့သမီးက မှန်ဘောင်ထဲကနေ ငါ့ကိုကြည့်တယ်။
ငါ့ဘေးမှာ ကုလားထိုင်တစ်လုံးရောက်နေပြီး သူကလည်း ရှုတည်တည်နဲ့။
စက်ဝိုင်းမျက်နှာကိုတပ်ပြီး ပန်ကာက အိပ်ငိုက်နေတယ်။
ဖန်တကောင်းထဲမှာ မော့နေတဲ့စက္ကူတို့ လန်းလန်းပွင့်လို့။

ငါ့ကိုမရည်ရွယ်ပေမယ့် ကြောင်တွေက အပျင်းရွဲ့ရွဲ့ ရှည်ထွက်လာတယ်။
လူခြေထောက်နှစ်ဖက်ကို လိုက်ကာအောက်က ဖတ်လတ်ဖတ်လတ် တွေ့လိုက်တယ်။
ဧည့်ခန်းထဲမှာ ကတ္တီပါနံ့တွေ ရစ်ခွေမှုန်သီနေတယ်။
လူသာလာပါ၊ ပြဿနာ ခေါ်မလာပါနဲ့လို့ တအွတ်အွတ် ကြို့ထိုးတယ်။

‘ဘော့’ ဆိုတဲ့ ခုံရွှေ့သံကို လှမ်းကြားရတယ်။
ငါရှိနေလျှက်နဲ့ လှေကားကြီးကလည်း သူ့ဘာသာသူ တက်သွားတယ်။

ပြက္ခဒိန်ထဲက ဝက်ဝံမှောင်ရီကို အလျားလိုက် ဟန့်တား
ရောက်လာတာ မကြာလှသေးပေမယ့် ပြန်ချင်တာကြာလှပြီ။
တွေ့ချင်လို့ လာခဲ့ပေမယ့် ဒီလောက်ဆိုရင် ရပြီရပြီ။
တို့ချင်းတော့ သိကြပါရဲ့၊ အချိန်က စေ့ခဲ့ပြီးပြီ။

တာရာမင်းဝေ (ရှူး) 

ယေဘုယ၀ိညာဉ်

င့ါကိုတော့ ခွင့်တောင်းသင့်ပါတယ်
ငါ့နှာခေါင်းပေါ်တက်ပြီး
ဘယ်သူလာ အသက်ရှုနေတာလဲ ..
မင်းကသာ
ဟိုဘက်က အပ်နဲ့ မမှုတ်ဘူးဆိုရင်
မင်းလက်ထဲကပြောင်းကို
ဒီဘက်က ငါချောင်းကြည့်ရဲမှာပါ .. ။

အံ့ဘွယ်ပဲ


`လိုက်ခရာ´ ခြေစွပ်ကနေလွတ်မြောက်သွားအောင်
မိမိဆွဲချွတ်နေတဲ့
 ဟောဒီမိမိရဲ့ ဘယ်ဘက်ခြေထောက်ပေါ့ ၊
အံ့ဘွယ်ပဲ ၊ တစ်ချိန်တုန်းက မိမိရဲ့ ဘိုးတံကိုင်ခဲ့တဲ့ လက်ရဲ့
အခုအဆစ်ရောင်နာဖြစ်နေတဲ့ လက်ချောင်းတွေ ၊ ဆီဇာဆိုတဲ့
ချယ်လိုတယောကြီးတစ်လုံးရဲ့ ကျေးကျွန်တွေ ၊ ပြီးတော့
ယောဟန် ဆဘတ်စ်ချင်န် ဘာ့ (က်)
သူ့ရဲ့ `ဆာရာဘန်း(ဒ်)´ ၊ C minor နဲ့ တီးတဲ့တေးစု ၊
အခုမိမိရဲ့မှတ်ဥာဏ်ကို လက်ညှိုးနဲ့ တိုးတိုးတိတ်တိတ်
ကလိနေတယ် ၊ စိတ်လျှော့လိုက်ရခြင်းနဲ့ အမှန်တရား။
ခါးကုန်းပြီး ခလုတ်နှိပ်လိုက်ရင် မီးပွင့်သွားတာကို အံ့ဩရင်း ၊
လက်ထဲစာအုပ်ကိုင်လျက်နဲ့ အိပ်ငိုက်လာလို့ အဲဒီမီးကို
ပိတ်လိုက်လို့ရတယ်ဆိုတာ ကိုလည်းအံ့ဩရင်း ၊
အမှောင်ထဲမှာပြန်ပေါ်လာကြတယ်
အဲန် စတီဗင်န်ဆင်န်ဆိုတဲ့ ချယ်လိုတီးနေတဲ့ မိန်းမပျိုလေး ၊
နျူးဟေဗင်န်က စည်းကမ်းကြီးတဲ့ ဆရာကြီး မစ္စတာ ထရူး(တ်)စ်ဝစ်က်
(`ထရိုဇီ´လို့ နာမည်ပြောင်ပေးခဲ့တယ်) ၊ အဲန် အာဘာမှာ
ချစ်ကြောက်ရိုသေရတဲ့ ၊ စကားနူးနူးညံ့ညံ့ပြောတတ်တဲ့
ဆရာကြီးမစ္စတာ အဲဒလ်။ နှစ်ယောက်စလုံးသေတာကြာပြီ။
လှပတဲ့ ဒူရိယာ ပစ္စည်းတွေထဲက သက်ရှိဝိဥာဉ်တွေ။
ဟာ(ရ်) ဟေဒင်န် ၊ ဆီညော်ဘောခရီးနီး ၊ မွန်ဆီယာ ဆော်န်ဆဲန်နဲ့
မစ္စတာ အဲလ်ဂါ။ သူတို့လည်း သွားကြတာကြာပြီကော။
မိမိရဲ့ နားထိုင်းနေတာကို မိမိနားမထောင်တတ်ခင်က
မိမိဘယ်လိုမှ တတ်မြောက်အောင် မတီးခတ် နိုင်ခဲ့တဲ့
`ကွန်ချာတို´ တွေထဲမှာ သူတို့ဆက်လက်ရှင်သန်နေကြတယ်။
ဒါဟာ မိမိရဲ့ ဘယ်ဘက်ခြေထောက် ၊ ကဗျာလေ ။ ။

အဲန် စတီဗင်န်ဆင်န်

ဇေယျာလင်း ဘာသာပြန်ဆိုသည်
(Poetry Review မဂ္ဂဇင်း Vol. 101:3 Autumn 2011 မှာ ဖေါ်ပြပါရှိတဲ့
 ဗြိတိသျှကဗျာဆရာမ Anne Stevenson ရဲ့ `How Astonishing --´ကဗျာကို မြန်မာဘာသာပြန်တာဖြစ်ပါတယ်။) 

Wednesday, July 25, 2012


internet and email အဆင့်မြင့် လက်တွေ့အသုံးပြုနည်း စာအုပ်


အခု ကျွန်တော် ရှယ်ပေးမယ့် စာအုပ်လေးကို သူငယ်ချင်းများအတွက်လည်း အသုံးတည့် အကျိုးပြုလိမ့်မယ်လို့ထင်ပါတယ်။ ကျွန်တော်ကတော့ ယူထားလိုက်ပါတယ်။ လိုချင်သူများအောက်မှာဒေါင်းပါ။
(or)

Website လမ်းညွန်နှင့် facebook အသုံးပြုနည်း စာအုပ်


ကဲ ဒီတစ်ခါ ရှယ်ပေးချင်တာက Website လမ်းညွန်နှင့် facebook အသုံးပြုနည်း ဆိုတဲ့ စာအုပ်လေးတွေပါ . . . လိုချင်တဲ့သူငယ်ချင်းများ အောက်မှာယူလိုက်ကြပါ . .

Internet Download Manager 6.12 Build 6 Beta(with Patch)

ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်းကြီးပါ . . . Internet Download Manager 6.12 Build 6 Beta
Patch ဖိုင်ပါတယ် . . .

Monday, July 23, 2012

မြန်မာငွေဈေးနှုန်း



တချို့အတွက် လိုအပ်နေလိမ့်မယ်လို့ ထင်ပါတယ်  .  . .သုံးရတာလွယ်ပါတယ် . . . ကိုယ်သိချင်သလောက် တန်ဖိုးကို ထည့်ပြီး convter ကို နှိပ်လိုက်ရုံပါပဲ . . . နိုင်ငံပေါင်း (၁၆၈) နိုင်ငံ၏ ငွေဈေးများကို သိနိုင်ပါသည် . . . အောက်က လင့်မှာသွားပြီး ကြည့်လိုက်ပါ  .  . . 

Android ဖုန်းပျောက်ပါက ဖုန်းအားထိန်းချုပ်နိုင်သည့် Android Lost

 


ဒါရိုက်ကို ကူးလာပေးလိုက်ပါတယ် ...
အခုပြောမဲ့ application လေးကတော့ မိမိဖုန်းပျောက်သွားခဲ့လျှင် မိမိဖုန်းအကြောင်းတခုခုကြောင့် ပျောက်ဆုံးသွားခဲ့ပါက ထိုဖုန်းအား လှမ်းပီး fully control လုပ်နိုင်မဲ့ ဆော့ဝဲလေးဖြစ်ပါတယ် ။ Control လုပ်ရတာအရမ်းကိုလွယ်ကူပါတယ် ။ http://www.androidlost.com/ မှာ မိမိဖုန်းရဲ့ google account နဲ့ login ၀င်လိုက်တာနဲ့ မိမိဖုန်းကို အလုံးစုံ ထိမ်းချုပ်နိုင်မှာဖြစ်ပါတယ် ။ မိမိဖုန်းကိုင်နေတဲ့ သူရဲ့ ပုံကိုပါ front camera ဓတ်ပုံလှမ်းရိုက်ပြီးချက်ချင်းကြည့်လို့ရပါတယ် ။ နောက်ထပ်လုပ်လို့ရတာအများကြီးရှိပါသေးတယ် ။ ပြုလုပ်နိုင်မဲ့ feature တွေကိုအောက်မှာဖော်ပြထားပါတယ် ။
မှတ်ချက် ။ ။ မိမိဖုန်းမှာ Internet Connection ရှိဖို့တော့လိုအပ်တာပေါ့ဗျာ ။
ပထမဦးစွာ Android Lost application အားဒေါင်းပြီးအင်စတောလုပ်လိုက်ပါ ။

Facebook မှ Mail များကို ထိန်းချုပ်တားဆီးခြင်း



facebook မှ Mail တွေ ရောက်ရောက်လာပြီး ရှင်းမနိုင်ဖြစ်နေတဲ့သူငယ်ချင်းများအတွက် ... ဒီလုပ်နည်းလေးက သိပြီးသူများလည်း ရှိနေပါလိမ့်မယ် .. မသိသေးသောသူများလည်းရှိပါလိမ့်မယ် ... ဒါကြောင့် ကျွန်တော်ပြန်ရှယ်လိုက်ပါတယ် ...အောက်ပါအတိုင်းလိုက်လုပ်လိုက်ပါ  ...
 Logout ထွက်သည့် နေရာမှာ နှိပ်လိုက်ပါ . .  ..ထိုအထဲမှ  Account Settings ကိုနှီပ်ပါ ...အဲ့ထဲက Notifications ...ကိုနှိပ်ပါ .. ။

Sunday, July 22, 2012


Fring ကိုအသုံးပြုပြီ G-Talk ကို Android ဖုန်းဖြင့် အခမဲ့စကားပြောရအောင်

 
 
လိုချင်တဲ့သူငယ်ချင်းများ အောက်မှာဒေါင်းပါ ... 

1Mobile Market v2.6 For ANDROID

 
ကျွန်တော်ဒီတစ်ခါရှယ်တဲ့ဟာလေးကို တော်တော်များများလဲ သိကြမယ်ထင်ပါတယ်။ ခုဟာက ဖုန်းအတွက်ပါ။ Free APP တွေကို မိမိဖုန်းကနေ Download ချချင်တဲ့သူတွေအတွက်ပါ။ ဆောင်ထားသင့်တယ်လို့လည်းထင်ပါတယ်။

စက်ရုပ်ဖုန်း Internal Memory ထပ်တိုးဖို့ (app2sd)


 

ဒီတစ်ခါ ကျွန်တော်ရှယ်ပေးမယ့်ဟာလေးက တော်တော်များများလည်း လိုချင်ကြလိမ့်မယ်ထင်ပါတယ်။
မိမိဖုန်းမှာ Internal Memory နည်းရင် Application တွေ Game တွေ အများကြီးတင်လို့မရပါဘူး။

Thursday, July 12, 2012


Windows 7 Home Premium Full Version  (8 MB)


အခုရှယ်ပေးချင်တာလေးက ၀င်းဒိုးခွေလေးပါ ... ဆိုဒ်ကသိပ့်မကြီးပါဘူး . .. သူ့ကိုဒေါင်းပြီး ရလာတဲ့ ဇစ်ဖိုင်ကိုextract လုပ်ပြီးတော့ iso file ကိုdvd မှာburn လိုက်ရပါ့မယ်... အဲဒါဆို ၀င်းဒိုးခွေရပါပြီ။

Bat Files သင်ခန်းစာ (၂)


Bat files အကြောင်းကို သိချင် လေ့လာချင်တဲ့ သူငယ်ချင်းများအတွက် ကိုယ်တိုင်းရေးမဟုတ်ပေမဲ့ ကျွန်တော်ကိုယ်တိုင် မသိခင်က စလေ့လာမိခဲ့တဲ့ ဆိုဒ်မှ မှတ်စုအနေနဲ့ ကူးထားခဲ့တာလေးပါ။ အဲ့ဒီဆိုဒ်ကို ညွန်းချင်ပေမဲ့လည် လက်ရှိ ဆိုဒ်လိပ်စာကလည် မတွေ့တော့တာကြောင့် စာရေးသားသူအနေနဲ့ နားလည်ပေးမယ်လို့ ယုံကြည်ပါတယ်။ ဒီသင်ခန်းစာကို ကျွန်တော် ကိုယ်တိုင်း ရေးသားထားတာ မဟုတ်တာကိုတော့ ရိုးသားစွာ ၀န်ခံပါတယ်။ ဒါကြောင့် မသိမနားလည်ရင်တော့ မေးမြန်းနိုင်ပါတယ်။ အကျွမ်းကျင်ဆုံး အဆင့် မဟုတ်ပေမဲ့ တက်နိုင်သမျှ ရှင်းပြပေးပါမည်။ မှုရင်း အရေးအသား အတိုင်း မပြင် မဖြည့်စွတ်ဘဲ တင်ပြလိုက်ပါတယ်။

Bat Files သင်ခန်းစာ (၂)


Bat files အကြောင်းကို သိချင် လေ့လာချင်တဲ့ သူငယ်ချင်းများအတွက် ကိုယ်တိုင်းရေးမဟုတ်ပေမဲ့ ကျွန်တော်ကိုယ်တိုင် မသိခင်က စလေ့လာမိခဲ့တဲ့ ဆိုဒ်မှ မှတ်စုအနေနဲ့ ကူးထားခဲ့တာလေးပါ။ အဲ့ဒီဆိုဒ်ကို ညွန်းချင်ပေမဲ့လည် လက်ရှိ ဆိုဒ်လိပ်စာကလည် မတွေ့တော့တာကြောင့် စာရေးသားသူအနေနဲ့ နားလည်ပေးမယ်လို့ ယုံကြည်ပါတယ်။ ဒီသင်ခန်းစာကို ကျွန်တော် ကိုယ်တိုင်း ရေးသားထားတာ မဟုတ်တာကိုတော့ ရိုးသားစွာ ၀န်ခံပါတယ်။ ဒါကြောင့် မသိမနားလည်ရင်တော့ မေးမြန်းနိုင်ပါတယ်။ အကျွမ်းကျင်ဆုံး အဆင့် မဟုတ်ပေမဲ့ တက်နိုင်သမျှ ရှင်းပြပေးပါမည်။ မှုရင်း အရေးအသား အတိုင်း မပြင် မဖြည့်စွတ်ဘဲ တင်ပြလိုက်ပါတယ်။

အားလုံး မင်္ဂလာပါ.
ကျနော့် သင်ခန်းစာကို ဆက်လက်ရေးသားသွားပါမယ်။ ပထမ သင်ခန်းစာကို ရပြီဆိုရင်တော့ Basic အနေနဲ့ သိသင့်သလောက်သိသွားပြီလို့ ဆိုလို့ရပါပြီ.. အခု ဒုတိယပိုင်းအနေနဲ့ နည်းနည်းလေး အဆင့်မြင့်တာတွေ ပြောသွားပါမယ်။ ဒီ Bat File ကို TuT အနေနဲ့ ရေးတာ အားလုံး စုံလင်သွားရင် E-Book အနေနဲ့ ပြုလုပ်ပြီးတော့ ဖိုရမ်ထဲကိုအမြဲ မလာနိုင်တဲ့သူတွေ အဆင်ပြေအောင် လုပ်ပေးပါ့မယ်။
အခု ကျနော် ပထမဆုံး စပြောချင်တာကတော့ call နဲ့ exit တို့ အကြောင်းဖြစ်ပါတယ်။
အရင်တခေါက်ကလိုဘဲ Notepad ထဲသွားပြီးတော့ အောက်မှာ ရှိတဲ့ Code တွေကို ရိုက်ထည့်လိုက်ပါ။
@echo off
echo WoW I know the basics of batch
call call.bat
pause
exit
ပြီးရင်တော့ Folder အသစ်တစ်ခုတည်ဆောက်ပြီး အဲဒါကို adv1.bat ဆိုတဲ့နာမည်နဲ့ သိမ်းလိုက်ပါ။
နောက်တစ်ခါ Notepad ကို ပြန်ဖွင့်ပါ။ ပြီးရင် အောက်မှာ ရှိတဲ့ Code ကို ထပ်ရိုက်ပါ။
@echo off
echo I Love *Y*
pause
ပြီးရင်တော့ ခုနက Save ထားတဲ့ adv1.bat နဲ့ တူတူ Folder ထဲမှာ call.bat ဆိုတဲ့နာမည်နဲ့ Save လိုက်ပါ။
နောက်တစ်ဆင့်အနေနဲ့ ပထမရေးထားတဲ့ adv1.bat ဆိုတာကို Run လိုက်ပါ။
အောက်မှာ ပြထားတဲ့ အတိုင်း Screen မှာ ပေါ်လာပါလိမ့်မယ်။
WoW I know the basics of batch
I Love *Y*
Press any key to continue… (ကြိုက်တဲ့ Key တစ်ချက်နှိပ်လိုက်ပါ)
Press any key to continue… (ဒီစာကြောင်းလေး နောက်တစ်ခါထပ်ပေါ်လာမှာပါ။ နောက်ထပ် ကြိုက်တဲ့ Key ကို နှိပ်မှ Program က ထွက်သွားပါလိမ့်မယ်)
အဲဒါကို ကြည့်ချင်းအားဖြင့် exit က ဘာအလုပ်လုပ်တယ်ဆိုတာ သိမှာပါနော်..
နောက်တစ်ခုအနေနဲ့ call ပါ… call ဆိုတာကတော့ နောက်ထပ် batch file တစ်ခုကို ခေါ်သုံးတာပါ။
ဒီလောက်ဆို call နဲ့ exit အကြောင်းသိလောက်ပြီထင်ပါတယ်။

Tuesday, July 10, 2012


COREL DRAW X4 မြန်မာလို PDF

Corel Draw X4 မြန်မာလို စာအုပ်လိုချင်တဲ့ သူငယ်ချင်းများအတွက်ရှယ်ပေးလိုက်ပါတယ်။ ကျွန်တော်ကတော့ယူလိုက်ပါပြိ။

INDESIGNCS3 (PDF)

ကျွန်တော့်ရဲ့ သင်ယူမှုထဲက တစ်ခုပါ။ ကျွန်တော့်လိုဘ၀တူ သူငယ်ချင်းများအတွက် ရှယ်ပေးလိုက်ပါတယ်။ မြန်မာလိုစာအုပ်လေးကိုလိုချင်သူများ အောက်မှာယူပါ။

Bat Files သင်ခန်းစာ (၁)

 
ကဲ သင်ခန်းစာတစ်ခု လေ့လာလိုက်ကြပါစို့ ... ကျွန်တော်လည်းသင်ယူလေ့လာနေသူပါ။ 
ကျွန်တော် ကူးလာတဲ့မူရင်းအတိုင်း ရှယ်လိုက်ပါတယ် ....  နောက်ထပ် သင်ခန်းစာများလည် ဆက်လက် ရှယ်ပေးပါမည်။

ဆရာ နတ်နွယ်ရဲ့ စာအုပ်တချို့


ဆရာနတ်နွယ်ရဲ့ အကြောင်းသိချင်ရင်တော့ ဒီမှာ လေ့လာနိုင်ပါတယ်။
စာအုပ်လေးများ


Adobe reader (portable)




 

ကျွန်တော်အခု ရှယ်ပေးတဲ့ဟာလေးက သူငယ်ချင်းတို့အတွက် အသုံးတည့်မယ်လို့ထင်ပါတယ်။ Portable ဆိုတော့ ပိုအဆင်ပြေတာပေါ့။ လိုချင်တဲ့သူငယ်ချင်းများ အောက်မှာယူပါဗျာ။

နည်းပညာ စာအုပ်စင်

MAKING MYANMAR WORDPRESS BLOG


Facebook ချစ်သူများအတွက်မြန်မာအင်္ဂလိပ် Dictionary


facebook သုံးရင်း၊ချက်တင်သုံးရင်း၊ စာဖတ်ရင်းဖြင့် Dictionary အသုံးပြုလိုသူ သူငယ်ချင်းများအတွက် ရှယ်ပေးလိုက်ပါတယ်။ လိုအပ်ကြမယ်လို့လဲထင်ပါတယ်။အောက်မှာလင့်ပေးထားပါတယ်။

Portable Maker VMware Thinapp

 (အသုံးပြုနည်းပါထည့်ပေးထားပါတယ်)

ဒီတစ်ခါ ရှယ်လေးကတော့ Portable program လေးပါ . . .တော်တော်လေး အသုံးဝင်ပါတယ် . ... အသုံးပြုသူလည်း များပါတယ်. . . Portable လုပ်တယ်ဆိုတာ ပရိုဂရမ်တွေ ဆော့ဖ်ဝဲတွေကို စက်ထဲမှာ run မထားပဲ .  . . .. stick ထဲ Install လုပ်ပြီး ဘယ်ကွန်ပျူတာမှာသုံးသုံး သယ်ယူသုံးစွဲနိုင်အောင်ပြုလုပ်ထားတာပါ ... ကဲ လိုချင်တဲ့သူယူပြီး .... လေ့လာလိုသူများ စမ်းကြည့်နိုင်ပါတယ် ...
ဥပမာ  .  . ..ဒေါင့်လော့ မန်နေဂျာလို ဆော့ဖ်ဝဲမျိုးကို ကိုယ့်စတစ်မှာ portable လုပ်ပြီးသုံးကြည့်ပါ . . .ကဲအောက်မှာ ယူလိုက်ပါ ...

Android mobile root လုပ်နည်းနှင့် မြန်မာစာထည့်နည်း

                  
                      ဒီရှယ်လေးကတော့ အခုချိန်တော်တော်အသုံးဝင်မယ်လို့ထင်ပါတယ်ဗျာ ... 
ဟန်းဖုန်းတွေမှာ အင်တာနက်ချိတ်ပြီးတော့ မြန်မာဆိုက်တွေကို ကြည့်ချင်ကြသူများ အထူးသဖြင့် ဘလောဂ်တွေကိုပေါ့ . ဆိုက်တွေရဲ့ 85% လောက်ဟာ zawgyi နဲ့ ရေးထားကြတာဖြစ်
တဲ့အတွက် ဇော်ဂျီနဲ့မှ မဟုတ်ရင် အဆင်ပြေပြေ မြင်နိုင်မှာမဟုတ်ပါဘူး . ကဲ နိုင်ငံခြားရောက်လို့ ဟန်းဖုန်းသုံးတဲ့သူတိုင်း ဒါလေးကိုတော့ လိုချင်ကြမယ်ဆိုတာကို ကြိုသိနေပါတယ် . ကျွန်တော်လဲ ရရချင်း တင်ပေးလိုက်တာပါ . ကဲဗျာ စိတ်ချလက်ချသာဒေါင်းပြီး သုံးကြဗျာ . Mobile phone and Pocket pc များအတွက် မြန်မာစာနဲ့ရေးထားတဲ့ ဆိုက်တွေကို ဖတ်နိုင်ကြပါစေဗျာ . အဲ့ထဲမှာ pdf နဲ့ရေးထားတာပါပါတယ် ဖတ်ကြည့်လိုက်ပါ .

Monday, July 9, 2012


WORLD SNOOKER CHAMP (ANDROID GAME)




ကဲ ဘယ်မှသွားပြီး ဆက်ရှင်ယူစရာမလိုတော့ဘူး .... ကိုယ့်ဟာနဲ့ကို ကြိုက်သလောက်ထိုးလို့ရပြီ ... 
snooker ပြောပါတယ် . . .

FUNNY PHOTO MAKER


ဒီကောင်လေးကတော့ သူ့နာမည်အတိုင်း ပျော်ရွှင်ရယ်မောဖွယ် ပုံလေးတွေ လုပ်လို့ရပါတယ် . . 

COMODO MOBILE SECURITY FOR ANDROID (free)


ကဲ .. ဒီတခါ ရှယ်ပေးတဲ့ ပိုးသတ်ဆေးလေးကတော့ သူငယ်ချင်းတို့ဖုန်းတွေအတွက် လိုအပ်ပါလိမ့်မယ်...
ယခု ရှယ်ပေးသော Antivirus သည် ကမ္ဘာထိပ်တန်း (10)ခု ထဲက တစ်ခုပါ . . .
virus တွေရဲ့ ဒုက္ခပေးခြင်းကနေကင်းဝေးဖို့ လိုပါတယ် . . ဒါကြောင့် မိမိဖုန်းထဲမှာ Antivirus ထည့်ထားသင့်ပါတယ် .. . .
ဒီ ဆော့ဖ်ဝဲအကြောင်းလေ့လာချင်သူများ အောက်မှာ သွားရောက်လေ့လာနိုင်ပါသည်။