Thursday, May 24, 2012

ကျော်မယ် ခွမယ် ခုန်မယ်




- ကျော်ခွသော ဆိုက်များအားသုံး၍ ကျော်ခွကြည့်ခြင်း
http://www.polysolve.com/ တို့လိုhttp://www.vtunnel.com/ တို့လို http://www.ctunnel.com/ တို့လိုဆိုက်တွေကို ဖွင့်ပြီး အထဲမှာပါတဲ့ Solve အကွက်ထဲမှာ ကိုယ်ကြည့်ချင်တဲ့ ၀ဘ်ဆိုက်ကို ရိုက်ထည့်ပြီးနှိပ်လိုက်တာနဲ့ အကုန်ကြည့် လို့ရပါတယ် ။ အားသာချက်ကတော့ ဘာပရောက်ဆီ ဘာ ဆော့ဝဲလ်မှမလိုပါဘူး ။ လွယ်ကူပြီး ရိုးရိုးစာဖတ် သူတွေအ တွက်အဆင်ပြေမှာပါ ။ အားနည်းချက်ကတော့ Blogger.com ကို Sign in လုပ်ဖို့မလွယ်ပါဘူး ။ ကိုယ်က ဘလော့ဂ်ရေးသူတစ်ယောက် ဒါမှမဟုတ် ဘလောဂ်ဂါဖြစ်ဖို့ ဆန္ဒရှိတယ်ဆိုရင်တော့ Proxy သိုLink့မဟုတ် Software သုံး မှပဲဖြစ်နိုင်မှာပါ ။
- Software အသုံးပြုခြင်း
အကောင်းဆုံးကျွန်တော်အကြိုက်ဆုံး ကျော်ခွတဲ့ software လေးကတော့ Ultrasurf လေးဖြစ်ပါတယ် ။ Ultrasurf 9.4 ကနေကျွန်တော်စသုံးနေတာ အခုဆိုရင် Ultrasurf 11ကျော် တောင်ရောက်လို့နေပါပြီ ။

Google l မှာ ရှာပြီး Download လုပ်သွားနိုင်ပါတယ် ။ အသုံးပြုပုံကတော့ သူ့ကို run လိုက်ပါ ။ ခဏလောက်ကြာ တဲ့အခါ Successfully connected to the server ဆိုပြီးပေါ်လာပါလိမ့်မယ် ။ ချက်ချင်းပဲ IE browser လည်းပေါ် လာပါလိမ့်မယ် ။ ကိုယ်က IE သုံးနေတာဆိုရင်တော့ တိုက်ရိုက်သုံးယုံပါပဲ ။ မဟုတ်ပဲနဲ့ Firefox သို့မ ဟုတ် တခြား browser သုံးနေတာဆိုရင်တော့ အဲဒီပေါ်လာတဲ့ IE browser ကိုပိတ်လိုက်ပါ ။ ပြီးတဲ့အခါ ကိုယ်သုံးနေတဲ့ Browser ထဲက Tools>Options>Advanced>Network>Setting > ဆိုပြီးအဆင့်ဆင့်သွားပါ ။ ပြီးတဲ့အ ခါ Manual Proxy Configuration ကိုရွေးပါ ။ ပြီးရင် Http proxy နေရာမှာ 127.0.0.1 လို့ရိုက်ပြီး Port နေရာမှာ 9666 လို့ရိုက်ပါ ။ ပြီးရင် Use this proxy server for all protocols ကို အမှန်ခြစ်ပြီး ။ ပြီးရင် Ok တွေနှိပ်ပြီး သုံးနိုင်ပါပြီ ။ Blogger.com ကို Sign in ၀င်လို့ရသလို ကွန်နက်ရှင် သာကောင်း ရင် တော်တော်လေးကို အဆင်ပြေပါတယ် ။ ကျွန်တော်လက်ရှိသုံးနေတာပါ ။
နောက်ဆော့ဝဲလ်တစ်ခုတော့ Freegate ဖြစ်ပါတယ် ။ သူ့ကိုလိုချင်ရင် Google မှာရှာပြီး download လုပ်သွားနိုင် ပါတယ် ။ အားနည်းချက်ကတော့ ကိုယ်ပိုင်ဒိုမိန်းချိတ်ထားတဲ့ ဆိုက်တွေ တစ်ခုမှမပွင့်ပါဘူး ။ ဒါပေ မယ့် Ultrasurf ထက်မြန်ပြီးတော့ ဘလော့မှာ စာတွေတင်ရတာ တော်တော်အဆင်ပြေပါတယ် ။ အသုံးပြုချင် ရင်တော့ အပေါ်က နည်းအတိုင်းသုံးနိုင်ပါတယ် ။ နောက်ဆုံးအဆင့်မှာတော့ Http proxy : 127.0.0.1 ရိုက်ပြီး Port မှာ 8567 လို့ရိုက် ရမှာဖြစ်ပါတယ် ။
နောက်အသုံးများတဲ့ဆော့ဝဲလ်ကတော့ Freedom ဖြစ်ပါတယ် ။ အရမ်းကြီးတော့မခက်ပါဘူး ။ ကျွန်တော် က စောင့်ရ တာစိတ်မရှည်တဲ့အတွက် မသုံးပါဘူး ။ အရေးကြုံလာရင်တော့သုံးပါတယ် ။
- Add on အသုံးပြုခြင်း
နာမည်ကြီးနေတဲ့ အခုတလော P (ပီ) လို့ခေါ်တဲ့ Phizila Add on လေးဖြစ်ပါတယ် ။ ဘလော့တွေ ကြည့်လို့ ရပါတယ် ။ အားနည်းချက်ကတော့ blogger ကို sign in လုပ်ရတာမလွယ်ပါဘူး ။ Mozilla add on တစ်ခုဖြစ်တဲ့ P ကို တခြားဘလော့တွေမှာ ရေးထားတာတွေလည်းရှိပါတယ် ။ Google မှာ ရှာပြီးတော့လည်း သုံးနိုင်ပါတယ် ။
- Proxy အသုံးပြုခြင်း
အရင်တုန်းကဗျာ ဆော်ဒီပရောက်ဆီလို့ နာမည်ကြီးခဲ့တဲ့ Port:443 တွေ ပြန်တောင်သတိရမိတယ် ။ သုံးရတာ မြန်မှမြန် ။ နောက်ပိုင်း သုံးတဲ့လူတွေ များလာတော့ ပရောက်ဆီတွေလည်းတစ်ခုပြီးတစ်ခု ပျက်ကုန်တယ် ။ ရှာရမ လွယ်တော့ ဘူး ။ ဒီတော့ ဘလော့ဂ်ဂါအချို့က ၀ယ်ပြီးသုံးကြပါတယ် ။ ငါးယောက်လောက် ဖြစ်ဖြစ် စပ်ပြီးဝယ် ရင်အဆင်ပြေပါတယ် ။ ရန်ကုန်မှာဖြစ်ဖြစ် မန္တလေးမှာဖြစ်ဖြစ်ဝယ်လို့ရပါတယ် ။လတိုင်းပိုက်ဆံပေးရမှာဖြစ်ပါတယ် ။ အများစုသုံးနေ ကြတာကတော့ Port : 443 တွေပါပဲ ။
ကဲ ဒီလောက်ဆို နည်းနည်းပါးပါးတော့ သိလောက်ပြီပေါ့ဗျာ ။
သက်တန့်ချိုfacebookမှကူးယူမျှဝေသည်.......

No comments:

Post a Comment

thank