ဒေါ်အောင်ဆန်းစုကြည်အား
စီအင်န်အင်န်ရုပ်သံမှ ခရစ္စတီးအာမန်ပူးက မေးမြန်းမှု
နော်ဝေနိုင်ငံ၊ အော်စလိုမြို့တွင် ငြိမ်းချမ်းရေး နိုဗယ်ဆု လက်ခံရယူရန် ရောက်ရှိနေသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်ကို ဆုချီးမြှင့်ပွဲ မပြုလုပ်မီ အီဂျစ်နိုင်ငံ၊
ကိုင်ရိုမြို့တွင် သမ္မတရွေးကောက်ပွဲသတင်း တင်ဆက်ရန် ရောက်ရှိနေသော
စီအင်န်အင်န်ရုပ်သံမှ ခရစ္စတီးအာမန်ပူးက မေးမြန်းမှုများ ပြုလုပ်ခဲ့ရာ
ယင်းအနက်မေးမြန်းမှုအချို့ကို ကောက်နုတ် ဖော်ပြလိုက်ပါ သည်။ (ref:EMG)
နိုဘယ်ငြိမ်းချမ်းရေး ဆုယူသည့်အခါ ပြောကြားမည့် မိန့်ခွန်း၏ အဓိကအကြောင်းအရာ၊ သတင်းစကားတို့ကို အာမန်ပူးက မေးမြန်းခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က နိုဘယ်ငြိမ်းချမ်းရေးဆုအကြေ
ဒေါ်အောင်ဆန်းစုကြည်က ''ငြိမ်းချမ်းရေးနဲ့ပတ်သက်လ
မိမိကိုယ်ကိုအနာဂတ်မန်မာ့ခေါင်းဆောင်တစ်ဦးအဖြစ်ရှုမြင်ပါသလားဟုအာမန်ပူးက မေးမြန်းခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က ယင်းမေးခွန်းမှာ မြန်မာပြည်သူများက ပထမဆုံး ဖြေဆိုရမည့်မေးခွန်းဟု ထင်မြင်ကြောင်း၊ လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားမှုအရ မိမိ အနေဖြင့် နိုင်ငံ့ခေါင်းဆောင်တစ်ဦး မဖြစ်လာနိုင်ကြောင်း၊ ထိုအတွက် လောလောဆယ်တွင် မိမိအနေဖြင့် နိုင်ငံ့ခေါင်းဆောင်တစ်ဦး ဖြစ်လာနိုင်ခြင်း ရှိ၊ မရှိကို ခန့်မှန်းရမည့်အစား မိမိတို့အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အမြန်ဆုံး မည်သို့ပြင်ဆင် မည်ကိုသာ ဆွေးနွေးရမည်ဖြစ် ကြောင်း ဖြေကြားခဲ့သည်။
အာမန်ပူးက ဒေါ်အောင်ဆန်းစုကြည်အား ''ကျွန်မ ရှင့်ကို ပုဂ္ဂိုလ်ရေး မေးခွန်းတစ်ချို့ မေးလို့ရမလား။ ရှင်ဟာ နိုင်ငံနဲ့ပြည်သူတွေအတွက် အများကြီး စွန့်လွှတ်ခဲ့ရတယ်။ အများကြီး ပေးဆပ်ခဲ့ရတယ်။ ခင်ပွန်းဖြစ်သူကိုလည်း မကွယ်လွန်မီ သွား မတွေ့နိုင်ဘူး။ သားသမီးတွေနဲ့လည်း ကာလအကြာကြီး ခွဲနေခဲ့ရတယ်။ ရှင် အကျယ်ချုပ်နဲ့ နေနေရတဲ့ကာလလို အရေးကြီးတဲ့အချိန်မှာ ဒီလိုအခြေအနေတွေက ဘယ်လိုသက်ရောက်မှုတွေ ရှိသလဲဆိုတာကို ပြောပြလို့ရမလား''ဟု မေးမြန်းခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်က ''ကျွန်မဟာ ကျွန်မ အိမ်မှာထက် အများကြီးပိုဆိုးတဲ့ အခြေအနေတွေရှိတဲ့ အကျဉ်းထောင်မှာ နေရတဲ့ကျန်တဲ့ ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်အများစုတွေ
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့်ပတ်သက်ပြီး အာမန်ပူးက မွတ်စလင် လူနည်းစု နိုင်ငံသားဖြစ်ခွင့်ရရှိရန်
New of Myanmar မှ တင်ပြပေးသွားပါတယ်.
No comments:
Post a Comment
thank