နော်ဝေး၀န်ကြီးချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်ပူးတွဲ သတင်းစာရှင်းလင်းပွဲပြုလုပ်
လွန်ခဲ့တဲ့အနှစ်
၂၀ကျော် နိုဗယ်ငြိမ်းချမ်းရေးဆုနှင့် Rufto လူ့အခွင့်အရေးဆုတွေ
ချီးမြှင့်ခဲ့ ကြသည့်အချိန်ကတည်းက နော်ဝေးပြည်သူတွေသည် ဒေါ်
အောင်ဆန်းစုကြည်ကိုယ်တိုင် ရောက်လာမည်အချိန်ကို စောင့် ဆိုင်းခဲ့ကြတာပါဟု
နော်ဝေနိုင်ငံ ၀န်ကြီးချုပ်Jens Stolenberg က ဒေါ်အောင်ဆန်းစုကြည်ကို ကြို
ဆိုပါသည်။အခုကိုယ်တိုင်ရောက် လာတာဟာ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီနဲ့
တရားမျှတမှု အတွက်နှစ်ရှည်လများ ရုန်းကန် ကြိုးစားခဲ့တဲ့ ဒေါ်အောင်ဆန်းစု
ကြည်ရဲ့အားထုတ်မှုတွေအရာထင် လာပြီဆိုတာကို ပြသလိုက်တာ လို့
သူကဆိုပါသည်။မြန်မာနိုင်ငံ အပြောင်းအလဲတွေနှင့်ပတ်သက်
လို့သူကအခုလိုပြောပါတယ်။
““မြန်မာပြည်မှာ အရှိန် အဟုန်နဲ့ အပြောင်းအလဲတွေ ပေါ်လာနေပြီဆိုပေမယ့်လည်း လုပ်ဆောင်စရာတွေ အများကြီး ကျန်ရှိနေပါသေးတယ်။နှစ်ပေါင်း များစွာ တည်ရှိခဲ့တဲ့ အာဏာရှင် စနစ်နဲ့ လက်နက်ကိုင် ပဋိပက္ခ တွေကို အတိတ်မှာချန်ထားနိုင်ခဲ့ ဘို့ဆိုတာ ပြည်သူတွေအတွက် အချိန်ယူရပါလိမ်မယ်။ကျွန်တော် တို့အနေနဲ့ ပကတိအနေအထားကိုသိမြင်ဖို့လိုပါတယ်။ရရှိပြီးသား တိုးတက်လာတဲ့ဖြစ်စဉ်တွေ နောက် ကြောင်းပြန်မလှည့်ဖို့လိုပါတယ်။””
ဒီလိုအခြေအနေတွေ နောက်ကြာင်းပြန်လှည့်မသွားဖို့အတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းအနေ နဲ့အပြောင်း အလဲတွေဖ်ာဆောင် နေတဲ့ သူတွေကိုအားပေး ထောက်ခံပြီး တက်တက်ကြွကြွ ထိတွေ့ ဆက်ဆံဖို့ လိုမယ်ဟု နော်ဝေး၀န်ကြီးချုပ်ကပြောပါသည်။ နော်ဝေဂျီယံ စီးပွားရေး ကုမ္ပဏီတွေကို မြန်မာနိုင်ငံမှာ ကုန်သွယ်ရေးနဲ့ရင်းနှီးမြှုပ်နှံကြဖို့ ၀န်ကြီးချုပ်ကပြောဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်ကနော်ဝေး ၀န်ကြီးချုပ်ပြောတဲ့အတိုင်းမြန်မာင်ငံရဲ့ ဒီမိုကရေစီရေး ကြိုးပမ်း မှုတွေဟာ လမ်းဆုံးမှာ မရောက် သေးသလို ဖြောင့်ဖြောင့်ဖြူးဖြူး လမ်းကြောင်းပေါ်မှာ ရှိချင်မှ ရှိလိမ့်ဦးမယ်ဆိုတာကို ပြောဆို ပြီး အခက်အခဲတွေကို ကျော်ဖြတ်င်ဖို့ အမျိုးသားပြန်လည်သင့်မြတ်ရေး စိတ်ဓာတ်နဲ့ ညှိညှိင်းနှိုင်းဆောင်ရွက်သွားမယ်လို့ သတင်းစာရှင်းလင်းပွဲမှာပြောပါ တယ်။နော်ဝေးစီးပွားရေး ကုမ္ပဏီ တွေနဲ့ ပတ်သက်လို့ ““လူ့အခွင့် အရေး၊ဒီမိုကရေစီရေးအတွက် အထောက်အကူပြုစေမယ့် ရင်းနှီး မြှုပ်နှ့မှုတွေကို ကျွန်မတို့ လိုချင် ပါတယ်။ဘယ်လိုရင်းနှီးမြှုပ်နှံမှု တွေကို ကျွန်မတို့ လိုချင်ပါတယ်။ ဘယ်လိုရင်းနှီးမြှုပ်နှံမှု မျိုးပဲလုပ် လုပ်ပွင့်လင်းမြင်သာပြီး တာဝန် ယူမှုရှိတဲ့ ရင်းနှီးမြှုပ်နှံမျိုးဖြစ်ရပါ လိမ့်မယ်။အစိုးရက ဘာလုပ်မယ် မလုပ်ဘူးဆိုတာတွေကိုနှစ်ဘက် ရှင်းရှင်းလင်းလင်းစာချုပ်စာတမ်း မှာ ထည့်သွင်းရပါလိမ့်မည်။ရင်း နှီးမြှုပ်နှံမှုတွေဟာ အစိုးရစီးပွား ရေး ထိန်းချုပ်မှုကို ပိုပြီး အားဖြည့် တာမျိုးထက် ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းတွေကိုပိုပြီးအားကောင်းအာင် မြေတောင်မြှောက်ပေးမယ့် လုပ်ငန်း တွေဖြစ်ဖို့လိုအပ်ပါ တယ်။””
နိုဗယ်ငြိမ်းချမ်းရေးဆုကို လက်ခံယူဖို့ ပြင်ဆင်ထားတဲ့ မိန့် ခွန်းဟာ လွန်ခဲ့တဲ့အနှစ် ၂၀သူ ဖြတ်သန်းခဲ့တဲ့ ဘ၀ကိုထင်ဟပ်တဲ့ မိန့်ခွန်းတစ်ခုဖြစ်လိမ့်မယ်လို့ ဒေါ် အောင်ဆန်းစုကြည်ကပြောပါ သည်။နိုင်ငံတကာ ခရီးစဉ်အတွင်း နိုင်ငံတွေရဲကလက်ခံကြိုဆိုအား ပေးထောက်ခံမှုတွေကြောင့် လက်ရှိသမ္မတ ဦးသိန်းစိန်အပါ အ၀င် အစိုးရအဖွဲ့ဝင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်အကြား ဆက်ဆံရေးမှာလာပြီး ထိခိုက် နိုင်မယ်ထင်ပါသလာ်းဟုသတင်း ထောက်များကမေးခဲ့ကြပါသည်။
““ကျွန်မ နိုင်ငံခြားကို ခရီး ထွက်တာနဲ့ပတ်သက်လို့ ကန့် ကွက်သင့်တဲ့ ခိုင်လုံတဲ့အကြောင်း ရှိမယ်လို့ ကျွန်မမမြင်မိပါဘူး။လက်ခံတဲ့နိုင်ငံတွေ ဘယ်လိုကြို ဆိုကြတယ်ဆိုတာကလည်း သက် ဆိုင်ရာနိုင်ငံတွေအပေါ်မှာမူတည် ပါတယ်။ဒီမိုကရေစီကို ကျွန်မတို့ ယုံတယ်။နိုင်ငံတစ်ခုချင်းစီရဲ့အ ချုပ်အခြာကို ကျွန်မတို့ယုံတယ်။ သက်ဆိုင်ရာနိုင်ငံတွေက သူတို့ မှန်တယ်ထင်တဲ့ပုံစံနဲ့ ကျွန်မကကြိုဆိုမှာပါ။ဒါသူတို့ သဘောပါ။ ဒါကို သမ္မတဦးသိန်းစိန် အနေနဲ့ ရော၊အစိုးရအဖွဲ့နဲ့ စစ်တပ်အနေ နဲ့ပါ ကန့်ကွက်စရာရှိမယ်လို့ ကျွန်မလုံးဝမမြင်မိပါဘူး။တစ်ခြား နိုင်ငံတွေက ကျွန်မနဲ့ပါတီအပေါ် သဘောထားနဲ့ ပတ်သက်လို့ သူ တို့အနေနဲ့ စိုးရိမ်စရာလည်းမရှိပါ ဘူး။ကျွန်မတို့အနေနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက်ဆောင် ရွက်ချင်တယ်ဆိုတာပြောထားပြီး သားပါ။”” သူနှင့်NLD သည်စစ် တပ်ကို ဂုဏ်သိက္ခာရှိရှိ၊ပြည်သူ တွေ ချစ်ခင်လေးစားတဲ့ တပ်မ တော်သားကောင်းတွေပီပီရပ် တည်တာကို တွေ့လိုတဲ့အ ကြောင်း၊ဒီလို ရပ်တည်တာဟာ ဒီမိုကရေစီလူ့အဖွဲ့အစည်းအတွက် အကောင်းဆုံးဖြစ်တယ်ဆိုတာကို တိုင်းပြည်မှာရှိတဲ့ လူငယ်တွေ လည်း လက်ခံယုံကြည်ထားတဲ့ အကြောင်းပြောဆိုသွားပါသည်။
ဒေါ်အောင်ဆန်းစုကြည် အနေနှင့်တစ်နေ့နေ့တစ်ချိန်ချိန် နော်ဝေးကို အခုလို ရောက်လာ မယ်ဆိုတာတကယ်ပဲ ယုံကြည်ခဲ့ပါသလားဟုသတင်းထောက် တစ်ယောက်က မေးပါသည်။ ဒေါ်အောင်ဆန်းစုကြည်က ဒါကို အမြဲတစ်စေ ယုံကြည်ခဲ့တဲ့အကြောင်း၊ဒါကြောင့်လည်းနော်ဝေး နိုင်ငံကို ပထမဆုံးသွားချင်တယ် လို့ သူပြောခဲ့တဲ့ အကြောင်းပြန် ဖြေသွားပါသည်။ကျွန်မတော့ ဘယ်တုန်းကမှ ဒါကြောင့်လည်း နော်ဝေးနိုင်ငံကို ပထမဆုံးသွား ချင်တယ်လို့ သူပြောခဲ့တဲ့ အကြောင်းပြန်ဖြေသွားပါသည်။ ကျွန်မတော့ ဘယ်တုန်းကမှ သံသယမရှိခဲ့ဘူး။ရှင်ရော မယုံမကြည်ဖြစ်ခဲ့မိလား။ရှင်က မယုံခဲ့လို့လားဆိုပြီး သတင်းထောက်ကို ပြန်မေးခွန်းထုတ်သွားသည်ဟုသိရ သည်။
Hot New Weekly မှတင်ပြသွားပါတယ်။
No comments:
Post a Comment
thank