Internet Connection Speed Hacking
( Connection ကိုမြန်အောင် လုပ်နည်း )
ကဲနောက်ထပ် ကိုးနတ်ရှင်နဲ့ပတ်သက်တဲ့ နည်းပညာလေးတစ်ခု ရှယ်ပေးပါတယ်သူငယ်ချင်းရေ
ဒါကမြန်မာပြည်မှာ ဆိုရင်တော့ အင်တာနက်သုံးတဲ့
သူတိုင်းသိချင်ကြမှာပါ။ Connection Hacking ဆိုတာကလည်း သူများတကာကို
ထိခိုက်ခြင်းမျိုးမဟုတ်ဘဲ ကိုယ့်နေရာကိုသာ ပြန်လည် Hacking လုပ်ခြင်းပါ။
ဒီလို Hacking Speed လုပ်နည်းလေးက Download ကိုခဏခဏဆွဲတတ်တဲ့ သူတွေ၊ Gmail ၊
Facebook ၊ Vzo အသုံးပြုတဲ့သူတွေ အတွက်ဆိုရင်တော့ပိုပြီး
အသုံးဝင်တယ်လို့ပြောရမှာပါ။ ဒါပေမယ့်လည်း တော်တော်ကြီးမြန်သွားမယ်လို့တော့
မဆိုလိုပါဘူး.။ ကိုယ့်ရဲ့ IP Address ကလည်းပါတာပေါ့နော်. .။ Addressကကောင်းမယ်ဆိုရင် Connection Speed တော်တော်လေးမြန်လာမှာပါ. ။ IP
မကောင်းတဲ့သူတွေကလည်း ဒီနည်းလေးကို ကြိုးစားကြည့် သင့်ပါတယ် .. ။ တကယ်တမ်း
ကျတော့ ကိုယ့်ရဲ့ Connection ဟာ လက်ရှိထက် အနည်းငယ် သာမြန်ဆန်သွားတာကို
တွေ့ရှိရပါတယ်။ ဘာပဲဖြစ်ဖြစ်လေ နည်းနည်းလေး ပိုမြန်လာတော့ လည်းကောင်း တာပေါ့
။ ဘယ်လို Speed Up လုပ်ရလဲဆိုတော့ -2 . Runbox မှာ gpedit.msc ဆိုပြီး ရိုက်လိုက်ပါ . ။
3. ပြီးတော့ အောက်ပါအဆင့်များအတိုင်းသွားလိုက်ပါ ။
- Computer Configuration / Administrative Templates / Network / QoS Packet Schelduler /
Limit reservable bandwidth
4 . အဲဒီမှာ Speed Up လုပ်တဲ့နေရာကို ရောက်ရှိသွားပြီးဖြစ်ပါတယ်။ ပြီးရင် Enable လုပ်ပေးလိုက်ပါ။ Options အောက်မှာရှိတဲ့ Bandwidth limit ( % ) : ဆိုတဲ့နေရာမှာ 20 လို့ရိုက်ထည့်ပေးလိုက်ပါ။ ပြီးရင် OK ကိုနှိပ်ပြီး ပြန်ထွက်လိုက်ပါ။
5 . အားလုံးပြီးပြီဆိုရင်တော့ ကွန်ပျူတာကို Restart ချပြီး အင်တာနက်ကိုပြန်သုံးကြည့်ပါ။ အရင်ကထက် Connection ပိုမြန်လာတာကို သူငယ်ချင်း ခံစားမိမှာဖြစ်ပါတယ် ။
ငြိမ်းချမ်းသာယာပါစေ . . .
No comments:
Post a Comment
thank