ဖုန်းအင်တာနက်ကို EasyTether pro ဖြင့် PC ကို အင်တာနက်ခွဲဝေသုံးနည်း (Android os)
ဖုန်းအင်တာနက်ကို ကွန်ပြူတာကို ဘယ်လို မျှသုံးမလဲဆိုတာ သိချင်နေကြမယ့် သူငယ်ချင်းများအတွက် တင်ပြပေးလိုက်ပါတယ်ဗျာ . .. Android os ဖုန်းတွေအတွက်ပဲနော်
ဖုန်းကို root မလုပ်ဘဲသုံးလို့ရပါတယ် .. .
အရင်ဆုံးအောက်ကဟာလေး ဒေါင်းယူလိုက်ပါ
ဖုန်းအတွက် ဆော့ဖ်ဝဲယူရန်
ဘယ်လို သုံးမလဲဆိုတော့…အရင်ဆုံး EasyTether_0.9.3.apk ဆိုတာလေးကို
ဖုန်းထဲမှာ install လုပ်ပါ။
ပြီးရင် မိမိသုံးမဲ့ ကွန်ပြူတာ မှာ လဲ EasyTether driver လေးကို
install လုပ်ထားဖို့လိုပါတယ်… ဆော့ဖ်ဝဲကိုအောက်မှာယူပါ . .
ကွန်ပျူတာအတွက် driver ဒေါင်းလုပ်ယူရန်
အသုံးပြုနည်းကတော့ လွယ်ပါတယ်.. ဖုန်းတွင်EasyTether ကိုဖွင့်၍ USB
( Enable USB tethering service ) ဆိုတာမှာ အမှန်ခြစ်ပေး၍ ထားပါ။
(ပုံမှာပြထားသကဲ့သို့)
ကွန်ပြူတာတွင်လဲ ညာဘက်အောက်နား တွင် မိမိ install လုပ်ထားသော EasyTether icon
လေးတွင် ညာဘက် ကလစ်နှိပ်၍ setting ထဲတွင်ပြင်ဆင်နိုင်ပါတယ်……
အဆင်ပြေကြပါစေ ....
No comments:
Post a Comment
thank