ဗိုင်းရပ်စ်သတ်တဲ့ ဆော့ဝဲလ်တွေထဲမှာ ကျနော်အကြိုက်ဆုံး Kaspersky Rescue Disk 10
ိုဗိုင်းရပ်စ်သတ်တဲ့
ဆော့ဝဲလ်တွေထဲမှာ ဒီကောင်လေးကတော့ ကျနော်အကြိုက်ဆုံးပါပဲ..။
အရမ်းကောင်းပါတယ်..။ ခဏခဏလည်းလုပ်ပေးဖို့ မလိုပါဘူး..။ မိမိတို့ရဲ့
ကွန်ပျူတာဟာ ဗိုင်းရပ်စ်ကြောင့် လေးလာပြီ.. ဟမ်းလာပြီဆိုမှ ဒီကောင်လေးကို
သုံးပေးလိုက်ပါ..။ ဗိုင်းရပ်စ်တွေကို သတ်ပေးနိုင်ပါတယ်..။ မိမိတို့ရဲ့စက်ဟာ
မြန်ဆန်သွက်လက်လာတာကို လက်တွေ့ မြင်ရပါလိမ့်မယ်..။ အသုံးပြုပုံကိုတော့
အောက်မှာပုံလေးတွေနဲ့ ရှင်းပြထားပါတယ်...။ အရင်ဆုံး Kaspersky Rescue Disk
10 ISO ဖိုင်ကိုအရင်ဒေါင်းယူလိုက်ပါ..။ ရလာပြီဆိုရင် အဲဒီဖိုင်လေးကို
Double Click နှစ်ချက်တောက်ပြီး CD အလွတ်တချပ်နဲ့ ခွေကူးလိုက်ပါ..။
အခွေကူးတဲ့ နေရာမှာ သတိပြုရမှာက Verify Disk Data ဆိုတဲ့ စာသားနေရာမှာ
အမှန်ခြစ်ပေးပါ...။ Nero Burning Studio နဲ့ဆို ဒီစာသားပါပါတယ်..။ တခြား
ISO Burnig Marker တွေနဲ့ ကူးလည်းရပါတယ်..။ အဓိကက Boot တက်ဖို့ပါ..။
USB Drive နဲ့ Boot တင်ချင်တဲ့
သူများအတွက်တော့ အောက်မှာပုံလေးတွေနဲ့ ပြထားပေးပါတယ်..။ CD/DVD Drive
မပါတဲ့ သူများအတွက် အဆင်ပြေအောင်လို့ပါ..။ အရင်ဆုံး အောက်က
အဆင်ပြေတဲ့လင့်ကနေသာ ဒေါင်းယူလိုက်ပါ..။ ဖိုင်ဆိုဒ်တော့
နည်းနည်းကြီးပါတယ်..။ 237 MB ရှိပါတယ်..။ For USB Device (325 KB)
http://www.mediafire.com/?qumy2nb3r9jbv2 ihttp://ifile.it/wp7e2za/rescue2usb_www.lwinminbo.blogspot.com.rar http://min.us/mBkaGnowi မူရင်းလင့်(378KB)
Iso image of Kaspersky Rescue Disk 10 Free Download (237 MB)
Kespersky Rescue Disk 10(မူရင်းလင့်)
USB ထဲထည့်ဖို့ ဆိုရင် (325kb) ရှိတဲ့
ကောင်လေးကို ဒေါင်းယူပြီး ဖွင့်လိုက်ပါ.. အောက်ကပုံအတိုင်း
မြင်ရပါလိမ့်မယ်..။ Browse နေရာကနေ ဒေါင်းထားပြီးသား Kaspersky Rescue Disk
10 ISO ဖိုင်ကို ရွေးပေးပါ..။ 2 နေရာကတော့ USB ရှိတဲ့နေရာကို
ညွှန်ပေးလိုက်ပါ..။ ပြီးရင် Start ကိုကလစ်လိုက်ပါ..
ပီးသွားရင်တော့ အောက်ပုံလေးအတိုင်း မြင်ရပါလိမ့်မယ်..။
ပီးသွားရင်တော့ အောက်ပုံလေးအတိုင်း မြင်ရပါလိမ့်မယ်..။
မိမိတို့စက်ကို
ဗိုင်းရပ်သတ်တော့မယ်ဆိုရင် Kaspersky Rescue Disk 10 CD (OR) USB ကို
ကွန်ပျူတာမှာ ထည့်လိုက်ပါ.. ပြီးရင်တော့ စက်ကို Restart ချပြီ...
လက်ပ်တော့ပ်တွေမှာဆိုရင် F2 or F12 , Desktop PC တွေမှာ ဆိုရင် Del or ESC
or F11 ကိုဆက်တိုက်နှိပ်ထားလိုက်ပါ...။ Boot Menu ထဲကို
ရောက်သွားပါလိမ့်မယ်.




ဗိုင်းရပ်စ်သတ်လို့ပြီးရင်တော့
စက်ကို Restart ချပြီး အခွေ သို့မဟုတ် USB ကို ဆွဲထုတ်လိုက်ပါ..။ Restart
ချလို့ မရရင် စက်ရဲ့ ပါဝါကို ဖိပိတ်လိုက်ပါ...။
ဒီလောက်ဆိုရင်တော့ အားလုံးပဲ လုပ်တတ်ကိုင်တတ်လိမ့်မယ်လို့ ထင်ပါတယ်..




No comments:
Post a Comment
thank