ဒီတစ်ခါ ကျွန်တော် သူငယ်ချင်းများကို ဗဟုသုတအတွက် ပညာရပ်လေးတစ်ခုမျှဝေချင်ပါတယ်။
ကျွန်တော်က ပထမဦးဆုံးပြောမယ့် အကြောင်းကတော့
logmein
ဆိုတဲ့ ဆော့ဝဲလေး အကြောင်းပါ။ ဒီဆော့ဝဲလေးက နိုင်ငံတွေ ဘယ်လောက်ပဲ
ကွာဝေးနေပါစေ လှမ်းပြီးတော့ ကိုယ့်ရှေ.မှာသုံးနေတဲ့ ကွန်ပြူတာလိုမျိုး
အဝေးကနေ ကိုင်တွယ်ပြီး ပြသနာတွေကို ဖြေရှင်း ပြင်ဆင်ပေးလို. ရပါတယ်။
တခုကြိုပြောချင်တာက ဒီဆော့ဝဲလေး အကြောင်းကို နားလည်သွားရင်
ဘယ်သူကိုမှသွားပြီး ဒုက္ခ မပေး ဖို.ပါဘဲ။ အဲဒီအတွက် ကြိုပြီး ပြောထားပါရစေ။
ကဲအောက်မှာ ဆက်လေ့လာကြည့်ရအောင်ဗျာ . . .
အရင်ဆုံးအင်တာနက် browser တစ်ခု ဖွင့်လိုက်ပါ။ ပြီးရင် အောက်မှာပြထားတဲ့ နည်းလေးတွေ အတိုင်းဆက်လက် လုပ်ဆောင်သွား ပါ။
၁။ www.logmein.com ကိုဝင်ပါ။ ပြီးရင် Download logmein free ဆိုတဲ့
အစိမ်းရောင် အကွက်လေးကို ကလစ်လုပ်ပါ။ ပြီးရင် အီးမေးလ် တို. ဘာညာတို.
ရိုက်ပြီး အကောင့် ဖွင့်ပါ။ ပြီးရင် Go ကို နှိပ်။